Friday, May 8, 2015

အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ Barren ကျွန်းမှ ပေါ်ရှီမီးတောင်တစ်ခု ပေါက်ကွဲလာနိုင်

အိန္ဒိယသမုဒ္ဒရာအတွင်းရှိBarrenကျွန်းမှ ပေါ်ရှီမီးတောင်တစ်ခုပေါက်ကွဲလာနိုင်အခြေအနေရှိနေပေါက်
ကွဲပါကမြန်မာနိုင်ငံကမ်းရိုးတန်းသို့ဆူနာမီလှိုင်းရိုက်ခတ်နိုင်။
အိန္ဒိယ သမုဒ္ဒရာအတွင်းရှိ Barren ကျွန်းမှ ပေါ်ရိုမီးတောင်တစ်ခုသည်ဧပြီ ၂၂ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း မီးခိုပြာများထွက်ရှိခဲ့ကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည်။ အဆိုပါ မီးတောင်သည် Andamanကျွန်းစုအတွင်း တည်ရှိပြီး တနင်္သာရီတိုင်းထားဝယ်မြို့အနောက်ယွန်းယွန်း

(320)မိုင်ခန့်၊မြိတ်မြို့အနောက်ဘက်(310)မိုင်ခန့်၊ကော့သောင်းမြို့အနောက်မြောက်ဘက်(360)မိုင်ခန့်သာ

ကွာဝေးသည်။-ထိုင်းနိုင်ငံအနောက်ပိုင်း၊ ရနောင်းပြည်နယ်နှင့်ကီလိုမီတာ ၇၀၀ခန့်သာ ဝေးကွာလျက်ရှိကြောင်း၊ မီးတောင် ပေါက်ကွဲပါက ဆူနာမီလှိုင်းများဖြစ်ပေါ်လာနိုင်
သဖြင့် ထိုင်းနိုင်ငံအတွင်းရှိ ငလျင်ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အဖွဲ့မှလည်း ယင်းသတင်းမှန်ကန်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်ဟု သိရသည်။-အဆိုပါ မီးတောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါက ဆူနာမီလှိုင်းများဖြစ်ပေါ်လာခဲ့လျှင်ထိုင်းနိုင်ငံအနောက်ပိုင်း၊ကမ်းခြေဒေသများ နှင့်

 မြန်မာနိုင်ငံအပေါ်ထိခိုက်လာနိုင်သဖြင့် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်လျက်ရှိကြောင်း၊ volcano Discoveryအဖွဲ့၏ သုတေသနပြုဖော်ထုတ်ချက်အရ ပေါ်ရိုမီးတောင်သည် ၂၀၀၅-၂၀၀၆ ခုနှစ်အတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့သဖြင့် ၂၀၁၅ ခုနှစ် မေလ ၂၇ ရက်နေ့တွင်နောက်တစ်ကြိမ် ထပ်မံပေါက်ကွဲစေနိုင်သည်ဟု ထုတ်ပြန်ထားကြောင်း သတင်းရရှိပါ သည်။
Today Myanmar

No comments:

Post a Comment

4.5.2015 မှ စတင်၍မှတ်တမ်းတင်ထားပါသည်။

Flag Counter