Sunday, May 31, 2015

Ex-Machina (2015) မြန်မာစာတန်းထိုး

ဒီရုပ်ရှင်ကိုကြည့်ဖို့အကြံပေးချင်ပါတယ်..ကြည်ရတာလည်းတန်မှာပါ
IMDb မှာ 7.9 ရရှိထားပါတယ်..Rotten Tomatoes မှာလည်း 92% ရရှိထားပါတယ်..
ရုပ်ရှင်ကိုမကြည့်ခင် Review လေးကိုနည်းနည်းအချိန်ပေးပြီးသေချာဖတ်ကြည့်စေချင်တယ်..
ဒီ Review က နည်းနည်းရှည်ပါတယ်..သေချာလေးဖတ်ပေးပါ..ဖတ်ရတာလည်းတန်မှာပါ
(Review ကို Movies-we watch,we feel Facebook Page မှ ကူးယူတင်ပြပါသည်)

Ex-Machina
သင်သာ အလုံးစုံသော အရာတွေကို ပိုင်ဆိုင်တဲ့ သူတစ်ယောက်ဆိုရင် သင်ဘာလုပ်မည်နည်း?
ထိုမေးခွန်းက ဒီဇာတ်ကားရဲ့ အဓိကမေးခွန်းတစ်ခုပါပဲ။
ကျွန်တော်တို့တွေ Artificial Intelligence (AI) တွေနဲ့ ပတ်သက်ပြီး ရုပ်ရှင်တော်တော်များများကြည့်ဖူးကြပါလိမ့်မယ်။ AI တွေဘက် ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေ ရှိခဲ့သလို AI တွေရဲ့ ခံစားချက်တွေ AI တွေရဲ့ လူသားဆန်လာမှုတွေ AI တွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကို ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေလည်း အများကြီးပါ။ Smart ဖြစ်တဲ့ ဇာတ်ညွှန်းတွေ ရှိခဲ့သလို Dumb ဖြစ်ခဲ့တဲ့ ဇာတ်ကားတွေလည်း ရှိနေပြန်ခဲ့ပါတယ်။ ဒီ Ex-Machina ဆိုတဲ့ ဇာတ်ကားကတော့ Smart ဖြစ်လွန်းတဲ့ AI ဇာတ်ကား စာရင်းထဲကို ထည့်ဖြစ်အောင်ကို ထည့်ရမှာပါ။ အခုဆိုရင် 2015 ဟာ နှစ်ဝက်လောက်ကို ရောက်ရှိလာပါပြီ။ ဒီနှစ်တစ်နှစ်လုံးမှာ ကြည့်ခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ ဒီကားတစ်ကားထဲ ဇာတ်ညွှန်းရော ဇာတ်လမ်းပါ Intelligent ဖြစ်ပြီး Smart ဖြစ်လွန်းခဲ့ပါတယ်။ ဒီနှစ်ကြည့်ဖူးသမျှဇတ်ကားတွေထဲမှာ ကျွန်တော်အကြိုက်ဆုံး စာရင်းထဲကို ထည့်လိုက်ရပါပြီ။

ဇာတ်လမ်းရဲ့ အစကို စကားပြောခြင်းမပါဝင်တဲ့ မြန်ဆန်တဲ့ Tempo တစ်ခုကို နောက်ခံတီးခတ်ထားပြီး ရုပ်ပုံလွှာတွေနဲ့ ပဲ အခြေအနေတစ်ခုကို သရုပ်စဖော်ထားပါတယ်။
အချိန်ကာလကို ဘယ်ခေတ်တစ်ခုမှာ တည်ထားလဲဆိုတာတော့ မဖော်ပြထားဘူး။ ဒါပေမဲ့ အနာဂတ်တစ်ခုဆိုရင်လည်း မဝေးလွန်းတဲ့ အနာဂတ်တစ်ခု။ ဒါပေမဲ့ ထိုခေတ်မှာ Technology က Genius တွေကို ဘုရားတစ်ဆူဖြစ်စေတဲ့ ခေတ်တစ်ခုမှာ ဇတ်အိမ်ကို တည်ထားတယ်။ ဇာတ်လမ်းကို Bluebook လို့ အမည်ရတဲ့ ကမ္ဘာ့ အကြီးမားဆုံး Search Engine Company တစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ Caleb Smith ဆိုသော Computer Programmer တစ်ယောက်သည် ထို Company ရဲ့ CEO ဖြစ်သူ Nathan Bateman ဆိုသူနှင့် သူ့ ရဲ့ Alaska ရှိ တန်ဖိုးကြီး အိမ်တစ်ဆောင်တွင် တစ်ပတ်တာ နေထိုင်ခွင့်ဆိုသော ကံစမ်းမဲ ပေါက်ခြင်းနှင့် စတင်ထားပါတယ်။ လူတွေရဲ့ အားကျမှုနဲ့ အတူ ကံကောင်းခြင်းဟု စောစီးစွာ ယူဆခဲ့သော Caleb သည် ပျော်ရွှင်တက်ကြွမှုတွေနှင့်အတူ တောအုပ်ထဲရှိ Nathan ရဲ့ အိမ်သို့ တစ်ဦးတည်းရောက်ရှိလာခဲ့လေသည်။ သူကြုံတွေ့ ရသော အရာအားလုံးသည် သူ့ အတွက်တော့ အထူးအဆန်းဖြစ်နေခဲ့သည်။ အလွန်တရာ ခမ်းနားလှပ၍ အလွန်တရာ ခေတ်မှီလှသော Architecture Designs များနှင့် တည်ဆောက်ထားသော ထိုအိမ်ကြီးနှင့် လှပ တိတ်ဆိတ် အေးချမ်း လှသော သစ်တော ပတ်ဝန်းကျင်လေး တို့ သည် အလွန်ပနံသင့် လှပနေပေမဲ့ အထီးကျန်ဆန်သော ခံစားမှုတွေကို ပေးစွမ်းနေလေ သည်။

Nathan က Caleb ရဲ့ ရောက်ရှိလာမှုကို ဝမ်းမြောက်နွေးထွေးစွာ ကြိုဆိုခဲ့ပြီး Caleb နေထိုင်ရမည့် အခန်းကို လိုက်ပြသောအခါ Caleb သည်အရာတစ်ခုကို သတိထားမိလိုက်သည်။ ထိုအရာကတော့ သူနေထိုင်ရမည့်အခန်းနှင့် တစ်ခြားအခန်းအများစုသည် ပြတင်းပေါက်များမရှိပေ။ သူ့ ရဲ့ သတိထားမှုကို ရိပ်မိသော Nathan က Caleb ရဲ့ ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ကို ပြောပြလေသည်။ ထိုအိမ်ကြီးသည် တစ်ကယ်တော့ သူမြင်သလို ခန့် ညားထည်ဝါလှသော အိမ်ကြီးတစ်ခုမဟုတ်ပေ။ Research Facility တစ်ခုကြီးပဲဖြစ်ပေသည်။ ထို့ကြောင့် ပြတင်းပေါက်များ မရှိနေခြင်းဖြစ်သည်ကို Nathan က ရှင်းပြခဲ့သည်။ ထို့ နောက် သူသည် Caleb ကို ဒီနေရာသို့ ခေါ်ဆောင်ခဲ့ခြင်းမှာ သူတီထွင်ထားသော AI တစ်ခုကို Turing test တစ်ခုကို တစ်ပတ်အတွင်း ပြုလုပ်ပေးရန်ဖြစ်ပေသည်။

(ဒီနေရာတွင် Turing test အကြောင်းကို ရှင်းပြချင်ပါတယ်။ ဟုတ်ပါတယ်။ Turing test က The Imitation Game ဇာတ်ကားထဲက ဇာတ်ကောင် Alan Turing တီထွင်ခဲ့တဲ့ test တစ်ခုဖြစ်ပါတယ်။ သဘောကတော့ Parlour Game တစ်ခုပါပဲ။ AI တစ်ခု ဥပမာ Computer ပဲထား သို့မဟုတ် Siri ပေါ့။ ထို AI တွေကို တီထွင်ပြီးတဲ့ အခါ သူတို့ရဲ့ Intelligence နဲ့ ထို အသိဥာဏ်သည် မည်မျှစွမ်းဆောင်နိုင်စွမ်း ရှိသည်ဆိုတာကို စမ်းသပ်တာပါ။ Player 2 ခုရှိတယ်ပဲထား။ Player 1 သည် လူသားတစ်ဦးဖြစ်ပြီး Player 2 ကို မည်သည့်အရာ အထီးလား အမလား ဟု Player 1 ကို အသိမပေးထားပဲ Player 1 က Player 2 ကို မေးခွန်းတွေ မေးမြန်းတဲ့ Test တစ်ခု။ အကယ်၍ Player 1 လူသားက ထို Player 2 ကို လူသားလား AI လား ဆိုတာကို Player 2 ဖြေတဲ့ အဖြေတွေမှ မခွဲခြားနိုင်ရင် Testing က အောင်မြင်တယ်ဆိုတဲ့ သဘောပါ။ ဟိုး Alan Turing တို့ ခေတ်ကတော့ Notes တွေနဲ့ ပဲ အဆက်အသွယ်လုပ်ပြီး စမ်းသပ်ရတဲ့ Test ပေါ့။ Alan Turing က 1940s ကျော်လောက်က idea တစ်ခုကို ရရှိပြီး အကယ်၍ Machine Intelligence က လူသားရဲ့ မေးခွန်းတွေနဲ့ ထိုလူသားကို Imitate လုပ်နိုင်ရင် ထို AI ရဲ့ Consciousness က အလွန်ကို မြင့်မားပြီး သူတို့ တီထွင်တဲ့ AI က အောင်မြင်တယ်ဆိုတာပါပဲ။ ယနေ့ ခေတ် AI တွေရဲ့ အတွေးတွေကို စမ်းသပ်တဲ့ Experiment တွေထဲမှာ အလွန်အရေးပါပြီး အလွန်အသုံးဝင်တဲ့ စမ်းသပ်မှုတစ်ခုပါပဲ။)

ဒါပေမဲ့ ဇာတ်လမ်းထဲမှာတော့ Nathan က Caleb ကို Turing test အစစ်လို Player 2 ကို အသိမပေးပဲထားခြင်းမျိုး မဟုတ်ပဲ Player 2 က ဘာလဲဆိုတာ ကြိုတင်အသိပေးခဲ့တယ်။ Caleb စမ်းသပ်ရမည့် အရာသည် လူသား အမျိုးသမီးပုံစံ အမျိုးသမီးတစ်ယောက်ရဲ့ အသိဥာဏ်နှင့် အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာပြင်ကို ပိုင်ဆိုင်ထားပြီး စက်ရုပ်ကိုယ်ထည်နှင့် တည်ဆောက်ထားသော AI Android တစ်ခုဖြစ်သည်ဟု ကြိုတင်ပြောပြလိုက်သည်။ သဘောကတော့ စမ်းသပ်မှု မလုပ်ခင်ကတည်းက AI တစ်ခုဖြစ်သည်ကို ကြိုသိသော Caleb သည် AI မှန်းသိရက်နှင့် ထို AI ကို လူသားတစ်ဦးသဖွယ် ခံစားလာရလျှင် Nathan တီထွင်ထားသော ထို AI သည် အမှန်တစ်ကယ် အဓိပ္ပာယ်ရှိပြီး လုံးဝအောင်မြင်သည်ဆိုသော သဘောပင်ဖြစ်သည်။
ထိုစမ်းသပ်မှုအတွက် “The Mother of all NDAs (Non-Disclosure Aggrement)” ကို sign ထိုးခဲ့သော Caleb ကို ထိုကတည်းက ကျွန်တော်တို့ ရင်ထိတ်ခဲ့ရသည်။ သူ စမ်းသပ်ရမည့် AI ရဲ့ အမည်သည် Ava ဖြစ်လေသည်။

တစ်ပတ်တိတိနေရမည်ဖြစ်သော Caleb သည် Ava ကို စမ်းသပ်မှု 6 ခုတိတိပြုလုပ်ခဲ့ရသည်။ Tests တွေစတင်လာတာနဲ့ ဇာတ်ကားဟာ သာမာန်အခြေအနေကနေ Thriller အဆင့်ကို လျင်မြန်စွာ ကူးပြောင်းသွားပါတော့တယ်။ စမ်းသပ်မှု 7 ခုမြောက်အကြောင်းကိုတော့ Spoilers ပါမည်ဖြစ်သောကြောင့် မပြောလိုတော့ပေ။ စမ်းသပ်မှူ 7 သည် အဓိကအကျဆုံးဇာတ်လမ်းပင် ဖြစ်သည်။
သူ့ တို့ရဲ့ စမ်းသပ်မှူအောင်မြင်နိုင်မည်လား .....
Caleb ထင်ထားခဲ့သော ရိုးရှင်းသော အရာများသည် သူ့ အား အမှောင်ဆုံးဖြစ် သော ထောင့်တစ်နေသို့ ခေါ်ဆောင်သွားမည်လား ......
Nathan ရဲ့ ထူးဆန်းသော အပြုအမူများနှင့် Ava ရဲ့ ပြောပြချက်များသည် ထို Facility နှင့် Caleb မသိခဲ့သေးသော လျှို့ဝှက်ချက်များကို Caleb အချိန်မှီ ဖော်ထုတ်နိုင်မည်လား ......
မည်သူ့ကို ယြုံကည်၍ မည်သူ့ကို မယုံကြည်နိုင်သလဲဆိုတာကိုရော Caleb သိနိုင်ပါ့မလား ......
Nathan သည်မည်ကဲ့သို့ သော လူလဲ? ဘာကြောင့် Caleb ကိုရွေးချယ်ခဲ့တာလဲ?
Caleb ကရော လူသားလား စက်ရုပ်လား?
Ave ရဲ့ Intention တွေကရော စစ်မှန်ရဲ့ သလား?
အစရှိတဲ့ မေးခွန်းတွေကို သိဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီကားကို ကြည့်လိုက်ကြပါလို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ်။

ဒီဇာတ်ကားရဲ့ နာမည်နဲ့ ဇာတ်လမ်းဟာ သင့်လျော်တယ်လို့ ပထမဦးစွာ ခံစားမိပါတယ်။ Ancient Greek ဘာသာစကားတွေကနေရှင်းရမယ်ဆိုရင် “from the machine” ဟု အဓိပ္ပာယ်သက်ရောက်ပြီး ထိုမှတဆင့် “Deus Ex-Machina” ဆိုတဲ့ အခေါ်အဝေါ်တစ်စု ဖြစ်ပေါ်လာခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ “God from the Machine” ဆိုတာပါပဲ။ ဒါပေမဲ့ ဘယ်နေရာမှာ သုံးသလဲဆိုရင်တော့ ဇာတ်လမ်းတစ်ခု သို့မဟုတ် ဇာတ်ညွှန်းတစ်ခုမှာ ရှုပ်ထွေးနေတဲ့ ဇာတ်လမ်းကို မမျှော်လင့်သော အရာတစ်ခု သို့ မဟုတ် မမျှော်လင့်သော ဇာတ်ကောင်တစ်ယောက်ကနေ ဖြေရှင်းသွားခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။
ဒီဇာတ်ကားကို ရိုက်ကူးခဲ့တဲ့ Director ဖြစ်သူ Alex Garland ဆိုသူဟာ ဒီဇာတ်ကားဟာ သူ့ ရဲ့ ပထမဆုံးသော Director အဖြစ်စတင်ရိုက်ကူးတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ သူ ပါဝင်ရေးသားခဲ့တဲ့ ဇာတ်ကားတွေကတော့ ကျွန်တော်တို့ နဲ့ မစိမ်းလှပါဘူး။ သူဟာ The Beach, The Tesseract နဲ့ The Coma ဆိုသော ဝတ္ထုတွေကိုရေးသားခဲ့သူဖြစ်ပြီး Zombie ဇာတ်ကားတွေရဲ့ အဖေလို့ သတ်မှတ် ခေါ်ဝေါ်ရလောက်တဲ့ 28 Days Later, သေဆုံးလာပြီဖြစ်တဲ့ နေလုံးကြီးရဲ့ ကံကြမ္မာဟာ ကမ္ဘာပေါ်ကလူသားတွေရဲ့ အသက်ဆက်ရှင်သန်မှု ကံကြမ္မာအဖြစ် ဇာတ်အိမ်တည်ထာားသော Sunshine, အနာဂတ်ရဲ့ ရဲတစ်ယောက်ဇာတ်လမ်းကို တိုက်ကြီးတစ်လုံးမှာ ဖော်ပြထားတဲ့ Dredd နဲ့ Clones တွေရဲ့ ရှုပ်ထွေးလှတဲ့ ဘဝအခြေအနေတွေ ဝမ်းနည်းဖွယ် ခံစားချက်တွေကို ဖော်ကြူးထားတဲ့ Never Let Me Go ဆိုသော ဇာတ်ကားများကို ဇာတ်ညွှန်းရေးသားခဲ့ဖူးတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ထိုဇာတ်ကားတွေကို ကြည့်မယ်ဆိုရင်ပဲ ထိုသူဟာ Sci-Fi နဲ့ ပတ်သက်တဲ့ Ideas တွေ ဘယ်လောက်ကောင်းမွန်တဲ့ လူလည်းဆိုတာ သိနိုင်ကြပါပြီ။

ဒီဇာတ်ကားကို Alex Garland ကိုယ်တိုင် ဇာတ်ညွှန်းရေးသားခဲ့ပြီး ပါဝင်ထားတဲ့ အဓိကဇာတ်ကောင် 3 ယောက်ကို Caleb အဖြစ် Domhnall Gleeson, Nathan အဖြစ် Oscar Isaac နဲ့ Ava အဖြစ် Alicia Vikander တို့က ပါဝင်ထားကြပါတယ်။ ထိုဇာတ်ကောင် 3 ဦးတည်းနှင့်ဖွဲ့ စည်းထားသော ဇာတ်လမ်းသည် ထို 3 ယောက်သည် တစ်ယောက်ကို တစ်ယောက် Cat & Mouse ပုံစံ ဇာတ်ကောင်တွေသည် သူတစ်ပြန်ကိုယ်တစ်ပြန် လိုက်နေ၍ နှိပ်စက်နေသော ဇာတ်လမ်းပင်ဖြစ်သည်။ သို့သော် Physically အရမဟုတ်ပဲ Mentally အရ Brains တွေကို အသုံးပြုတဲ့ ပြေးတန်းလိုက်တန်း ကစားပွဲ သဏ္ဍာန်မျိုးပင်ဖြစ်သည်။

ကျွန်တော်ရေးနေကျအတိုင်း ရေးရမယ်ဆိုရင် ဇာတ်ကောင်တစ်ယောက်ချင်းကို ပြောပြပါရစေ။ Caleb သည် ဇာတ်ကားရဲ့ အခန်းတိုင်းနီးပါးတွင် ပါဝင်သောသူဖြစ်သည်။ သူသည် ဇာတ်လမ်းရဲ့ ကြည့်ရှုသူ အမြင်က နေရသော ဇာတ်ကောင်တစ်ယောက်။ သူသည် စိတ်ထားမှန်ကန်သူ ရိုးသားသော လူငယ် Computer Programmer သမားတစ်ယောက်ဖြစ်ပြီး ကိုယ်လိုသူလို သာမာန်လူတစ်ယောက်။ ထိုသာမာန်လူတစ်ယောက်ရဲ့ သာမာန်မဟုတ်တဲ့ အခြေအနေတစ်ခုရဲ့ ဗဟိုမှာ ရောက်ရှိသွားတဲ့ ဇာတ်ကောင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူသည် လူသားဆန်သော အတွေးကို တွေးတောပြီး လူသားဆန်သော ခံစားချက်ရှိသူဖြစ်သည်။ ထိုအရာသည် သူ့အတွက် ပျော့ကွက်ဟုခေါ်တဲ့ အားနည်းချက်တစ်ခုဖြစ်သည်ကို ဇာတ်လမ်းမှာတွေ့ မြင်ခဲ့ရသည်။
ဒုတိယဇာတ်ကောင်ဖြစ်တဲ့ Nathan ကတော့ Caleb ရဲ့ ဇာတ်ကောင်နဲ့ အရာအားလုံးနီးပါး ဆန့် ကျင်ဘက်အဖြစ် ရေးဖွဲ့ ထားတဲ့ဇာတ်ကောင်တစ်ယောက်။ ပြောရမယ်ဆိုရင် Alpha Male လို့ တင်စားရတဲ့ ယောင်္ကျားပီသသော ယောင်္ကျားဆန်သော အမြဲတမ်းဦးဆောင်နိုင်စွမ်းရှိသော သန်မာသော ဥာဏ်ကောင်းသော ဇာတ်ကောင်မျိုး။ တစ်ကယ်တော့ ထိုဇာတ်ကောင်ကို ထိုကဲ့သို့ ရေးဖွဲ့ ထားခဲ့ခြင်းမှာ Caleb ဇာတ်ကောင်ရဲ့ ပြိုင်ဘက်အဖြစ် သဘောမျိုး သက်ရောက်စေအောင် ရေးဖွဲ့ ထားတယ်လို့ ကျွန်တော် ယူဆမိတယ်။ သူ့ ရဲ့ ခံစားချက်တွေကို မဖော်ပြခဲ့။ သူ့ ရဲ့ Ideas တွေကိုသာ စကားလုံးတွေမှ တစ်ဆင့် သိခဲ့ရတဲ့ ဇာတ်ကောင်မျိုး။ သူသည် ရန်သူဖြစ်နိုင်သလို မိတ်ဆွေလည်း ဖြစ်နိုင်သည်။ သူ့ ရဲ့ ideas တွေနဲ့ ထို Ideas တွေကို သူ့ ရဲ့ ယုံကြည်မှုတွေကို သူ့ ရဲ့ Dialogue မှတစ်ဆင့် ရုပ်ရှင်ရဲ့ တစ်နေရာတွင် ကျွန်တော်တို့ တွေ့ ခဲ့ကြရသည်။ သူသည် တစ်ချိန်တွင် AI တွေသည် ကမ္ဘာကို အုပ်စိုးသွားမည်ဟု ယုံကြည်နေသည်။ သူရဲ့ ယုံကြည်မှုကို သူဘယ်လိုပြောသလဲဆိုတော့ တစ်ချိန်မှာ AI တွေ သာ ကမ္ဘာပေါ်မှာ ရှိနေပြီး သူတို့ ဟာ သူတို့ရဲ့ သမိုင်းအစကို ပြန်ကြည့်လိုက်မယ်ဆိုရင် ငါတို့ လူသားတွေဟာ သူတို့ ရဲ့ Apes တွေလို့ သူတို့ မြင်မိလိမ့်မယ်။ Charles Darwin’s Theory အရ လူသားများသည် Apes များမှ ဆင်းသက်လာခြင်းဖြစ်သောကြောင့် AI တွေရဲ့ ကနဦးအစသည်လည်း လူသားတွေပဲဖြစ်တယ်လို့ သူက ဆိုလိုချင်တာဖြစ်တယ်။

နောက်ဆုံးဇာတ်ကောင်ကတော့ Ava လို့ ခေါ်တဲ့ Female Humanoid Robotic A.I. Android ပဲဖြစ်တယ်။ သူမသည် ယုတ္တိဆန်သော လူတစ်ဘက်သားရဲ့ အမြင်ကို ပြောင်းလဲနိုင်စွမ်းရှိသော အသိဥာဏ်အလွန်တရာ မြင့်မားလှပြီး အလွန်တရာ လူသားဆန်လွန်းသော A.I. တစ်ယောက်ပင်ဖြစ်သည်။ လူသားဆန်သည်ဟုဆိုသော ကျွန်တော့် အသုံးအနှုန်းတွင် အဓိပ္ပာယ်မျိုးစုံ သက်ရောက်ပါသည်။ ဇာတ်ကားထဲတွင် ထို Ava ဆိုသော AI သည် သူမဘာသာ သူမ Electricity လျှပ်စစ် စွမ်းအင်ကို Induction Plate ကို အသုံးပြုကာ Recharge လုပ်၍ နေထိုင်နိုင်သည်။ သူမရဲ့ အသိဥာဏ် ဗဟုသုတတွေသည် Nathan ပိုင်ဆိုင်သော Bluebook Search Engine internet မှ data တွေ information တွေအကုန်လုံးကို Continual Flow မှတစ်ဆင့် ရယူသည်။ သူမရဲ့ မျက်နှာ တွင်း ခံစားချက်များ ဖော်ပြမှုနှင့် ခံစားချက်အလိုက် အသံနေအသံထား ပြောင်းလဲမှုသည် ကမ္ဘာပေါ်ရှိ Cellphones များနှင့် ဓာတ်ပုံရိုက်သော Camera users များအကုန်လုံးထံမှ Hack လုပ်ထားပြီး အသုံးပြုသည်။ သူမရဲ့ မိန်းမသားဆန်သော သဘောထားသည် Caleb အတွက် Design လုပ်ထားသော အသိစိတ်တစ်ခုပဲဖြစ်၍ သူမရဲ့ ဦးနှောက်သည် တစ်ခြား ကျွန်တော်တို့ ရုပ်ရှင်တွေမှာ မြင်ဖူးခဲ့တဲ့ AI တွေရဲ့ ဦးနှောက်တွေလို Circuits တွေနဲ့ ဖွဲ့ စည်းထားတာမျိုး မဟုတ်ပဲ အဖြူနဲ့ အပြာ ရောစပ်ထားတဲ့ “Structural Gel” တုံးတစ်တုံးပဲဖြစ်နေပြန်ပါတယ်။ သူမရဲ့ နောက်ကို ဖောက်ထွက်မြင်နိုင်သော စက်ရုပ်ခန္ဓာကိုယ် သဏ္ဍာန်ကို Man of Steel တို့ Godzilla တို့ Interstellar တို့ တွင် အသုံးပြုခဲ့တဲ့ Double Negative ဆိုသော VFX Company ကပဲ မင်းသမီး Alicia Vikander ရဲ့ တစ်ကိုယ်လုံးကို Reference Points တွေနဲ့ သတ်မှတ်ထားသော အဝတ်ကို ဝတ်စေလျက် ပြောင်းလဲရိုက်ကူးခဲ့ပါတယ်။ အရမ်းကို ကောင်းတဲ့ Effects တွေဆိုတာ ကြည့်တဲ့အခါ သိပါလိမ့်မယ်။

ဇာတ်ကောင်တွေရဲ့ နာမည်တွေဟာ Bible ထဲက Biblical names တွေကနေ သင့်တော်သော နာမည်တွေကို ယူသုံးခဲ့ကြပါတယ်။ Ava သည် Eve ဆိုသော ပထမဦးဆုံး ဘုရားသခင် ဖန်တီးသော အမျိုးသမီး နာမည်မှ ယူသုံးပြီး Nathan ဆိုသော နာမည်ကတော့ Court of David ထဲက တမန်တော်တစ်ဦးရဲ့ နာမည်ဖြစ်ကာ Caleb ကတော့ Exodus ထဲမှ နယ်မြေသစ်တွေ ရှာဖွေရန် Moses စေလွှတ်ခဲ့သော စုံစမ်းခဲ့သူတစ်ယောက်ရဲ့ နာမည်တွေပဲဖြစ်ပါတယ်။
ဒီဇာတ်ကားမှာ ကျွန်တော် အလွန်နှစ်သက်မိခဲ့တဲ့ အရာတွေထဲက ပထမဆုံးကတော့ Dialogues ပါပဲ။ ဒီဇာတ်ကားရဲ့ အခြေခံဇာတ်လမ်းက ရိုးရှင်းတယ်။ ဒါပေမဲ့ စိတ်ဝင်စားဖို့ ကောင်းအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းကတော့ သူတို့ Characters 3 ယောက်ရဲ့ ပြောတဲ့ စကားတွေပဲ။ တစ်ချို့ နေရာတွေမှာ ဟာသဆန်ဆန်တွေ ထည့်ပေးခဲ့ပြီး တစ်ချို့ နေရာမှာတော့ ကြောက်မက်ဖွယ် စကားလုံးတွေကို ရေးထည့်ခဲ့တယ်။ အခန်းတိုင်းရဲ့ ဇာတ်ကောင်တွေ ပြောသော စကားများသည် အပိုမရှိ။ ဇာတ်လမ်းနှင့် စပ်ဆက်နေသော တစ်ခါတစ်ရံ ဇာတ်သိမ်းကို နမိတ်ပမာ ဖတ်ပေးနေသော စကားလုံးများပင်ဖြစ်တယ်။ ဒီဇာတ်ကားမှာ အကောင်းဆုံးကတော့ Alex Garland ရဲ့ ဇာတ်ညွှန်းပဲ။ သူသည် စကားလုံးတွေကို သေသေချာချာ ဂရုတစိုက် ရွေးချယ်ပေးခဲ့တာ အရမ်းသိသာပါတယ်။

နောက်တစ်ချက်နှစ်သက်မိတာကတော့ Rob Hardy ရဲ့ Cinematography ပါပဲ။ ရိုက်ကူးသွားချက်တွေသည် အလွန်တရာကို သန့် ရှင်းလှသည်။ ထို့ အပြင် အဆောက်အဦးရဲ့ Architecture ကို ပေါ်လွင်အောင် ရိုက်ကူးနိုင်သလို အဆောက်အဦးပြင်ပရှိ အလွန်လှပတဲ့ ရှုမျော်ခင်းတွေရဲ့ Landscapes ပိုင်းကိုလည်း သဘာဝထက် သာလွန်လှပအောင် သေသေသပ်သပ် ရိုက်ကူးနိင်ခဲ့ပါသေးတယ်။ ထို့ အပြင် Colors အရောင်ခွဲခြားမှုသည် အလွန်အရေးကြီးသည့်အတိုင်း ဇာတ်ကား Climax မှာ အသုံးပြုသွားသော အရောင်များသည် ဇာတ်လမ်းနှင့် အလွန်ကို လိုက်ဖက်ပြန်နေပြန်သည်။ ထို့ အပြင် Main Colors 3 ရောင် ဖြစ်တဲ့ Red, Blue နဲ့ Green ကို အခန်းတစ်ခုချင်းဆီမှာ ဇာတ်သွားနှင့် လိုက်ဖက်စွာ အသုံးပြုခဲ့သည်။
Directing အပိုင်းကိုပြောရမယ်ဆိုရင်လည်း သူ့ ရဲ့ ပထမဆုံး Director အဖြစ် ရိုက်ကူးခဲ့သောကြောင့် ဒီဇာတ်ကားသည် ထို Alex Garland ရဲ့ Personal Project တစ်ခုဖြစ်တယ်ဆိုတာ သေချာပါတယ်။ Directors တိုင်းဟာ သူတို့ ရဲ့ ပထမဦးဆုံး Project တွေမှာ သူတို့ ရဲ့ ကိုယ်ပိုင်ဟန်တွေကို လေ့လာနိုင်ပြီး အလွန်ကောင်းမွန်ခဲ့ကြပါတယ်။ သူသည် အခန်းတိုင်းကို အလွန်အနုစိပ်စွာ သေသေချာချာရိုက်ကူးခဲ့တာကို တွေ့ ရပါတယ်။ ဥပမာ Blade Runner လိုမျိုးပါပဲ။ အခန်းတိုင်းကို ပြီးစလွယ်မရိုက်ကူးခဲ့ပါ။ သူသည် Creative Freedom ဆိုသော လွတ်လပ်သော ဖန်တီးမှုတစ်ခု ရရှိအောင် ဇာတ်ကားရဲ့ Budget ကို နည်းနည်းပဲ အသုံးပြုခဲ့ပါတယ်။ သူပြောချက်အရဆိုရင် Budget များသွားရင် သူလိုချင်တဲ့ ဇာတ်လမ်းနဲ့ သွေဖယ်ပြီးဝေးကွာ သွားမှာကို စိုးရိမ်လို့ ပါတဲ့။ ဥပမာ Budget များတဲ့အခါ Helicopter ပျက်ကျတာတို့ Car Chase Scene တို့ လို Action ခန်းတွေ ပါဝင်ရမည်ဆိုရင် သူပြောချင်သော ဇာတ်လမ်းနှင့် ဝေးကွာသွားပါလိမ့်မည်တဲ့။ မှန်ပါတယ်။ အကယ်၍သာ ထိုကဲ့သို့ သော Action ခန်းတွေသာ ပါဝင်ခဲ့မည် ဆိုရင် ကျွန်တော် ဒီ Review ကို ယခုလို စိတ်ရှည်စွာနဲ့ ရေးသားမည် မဟုတ်တော့ပါ။
ဒီဇာတ်ကားကို မနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်ကားတွေဖြစ်တဲ့ Transcendence, Dawn of the Planet of the Apes, Her နဲ့ Predestination တို့ ဇာတ်ကားတွေနဲ့ Themes အရ ဆင်တူတယ်လို့ ယူဆမိတယ်။ Transcendence ဇာတ်ကားလိုပဲ Directors တွေရဲ့ ပထမဇာတ်ကားဖြစ်ပြီး AI တွေကို မေးခွန်းထုတ်ခဲ့တယ်။ Dawn of the Planets of the Apes ဇာတ်ကားလိုပဲ လူသားဆန်သော အသိဥာဏ်တွေဆိုတာ ဘာလဲဆိုတာ ပြောပြခဲ့တယ်။ တရိစ္ဆာန်ပဲဖြစ်ဖြစ် စက်တစ်ခုခုပဲဖြစ်ဖြစ် လူသားတွေလို ခံစားတတ် လူသားတွေလို နားလည်တတ်လာကြပြီဆိုရင် ဘာဖြစ်နိုင်မယ်ထင်ပါသလဲ? သေချာပါတယ်။ တစ်နေ့ စက်တွေသာ လူသားတွေရဲ့ စိတ်တွေ အပြည့်အဝ ပိုင်ဆိုင်နိုင်လာကြပြီ ဆိုရင် လူသားတွေရဲ့ ကံကြမ္မာသည် မသေချာတော့ပေ။ အဘယ့်ကြောင့် ဆိုသော လူသားတွေရဲ့ ပင်ကို အခြေခံစိတ်ဓာတ်သည် အလွန်ကြောက်မက်ဖွယ်ရာ ကောင်းပေသောကြောင့် ဖြစ်သည်။ ပြီးတော့ Her ဇာတ်ကားလိုပဲ လူသားနှင့် AI တို့ရဲ့ ဆက်စပ်မှုတွေကို ဖော်ပြခဲ့တယ်။ Predestination နဲ့ ကတော့ themes အရမတူပါဘူး။ ဒါပေမဲ့ ဇာတ်လမ်းရဲ့  အချိုးအကွေ့ တွေ လှည့်ကွက်တွေကို သဘောကျခဲ့လို့ တင်စားလိုက်တာပါ။

ဇာတ်လမ်းရဲ့ တစ်နေရာမှာ Flirt လုပ်လာတဲ့ Ava ရဲ့ Feminist ဆန်ခြင်းကို Caleb က တီထွင်သူ Nathan ကို မေးမြန်းခဲ့တယ်။ ဘာကြောင့် AI ကိုဖန်တီးတဲ့အရာမှာ Sexualism ကို Program လုပ်ခဲ့သလဲပေါ့။ AI မှာ Sexualism မလိုအပ်ဘူး။ သူသည် ယောင်္ကျားလည်းမဟုတ် မိန်းမလည်း မဟုတ်ဟု ပြောကြားချက်ကို Nathan က အရာအားလုံးနဲ့ သဘာဝတရားဟာ Program လုပ်ထားပြီးသားပါတဲ့။ မင်းဟာ Straight ဖြစ်ချင်ဖြစ်မယ်။ Gay ဖြစ်ချင်ဖြစ်မယ်။ ထိုအရာတွေဟာ မင်းရဲ့ ပတ်ဝန်းကျင်နဲ့ အခြေအနေတွေကို မင်းကို Program လုပ်ခြင်းပဲဖြစ်တယ်ဆိုပြီး သူ့ ရဲ့ AI အပေါ် လိင် ခွဲခြားပြုလုပ်ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ အဓိပ္ပာယ်ကို ရှင်းပြခဲ့တယ်။

ဒီဇာတ်ကားသည် Sci-fi ဇာတ်ကားတစ်ကားဆိုပေမဲ့ သဘာဝတရားနှင့် ဆိုင်သော အရာတွေကို ချည်းကပ်ခဲ့တာကို တွေ့ ရှိခဲ့ပါတယ်။ လူအစစ်တွေက သာမာန်ထက်လွန်ကဲတဲ့ အခြေအနေတွေမှာ ရောက်ရှိသွားတဲ့ သဘောမျိုးပါ။ ကျွန်တော်တို့ တွေ Artificial Intelligence (A.I.) တွေနဲ့ ပတ်သက်ရင် ကြောက်မက်ဖွယ်ကောင်းသော အရာတွေ လူသားတွေကို တစ်နေ့ မှာ တွန်းလှန်တော်လှန်သော အရာတွေ အဖြစ် ရုပ်ရှင်တွေမှာ မြင်တွေ့ ခဲ့တယ်။ ဥပမာ Terminator ဇာတ်ကားတွေရဲ့ Skynet သည် လူသားမျိုးနွယ်စုကို ဖျက်ဆီးပစ်ခဲ့တယ်။ ထို့ နောက် ယာဉ်တစ်ခုလုံးရဲ့ လိုက်ပါလာကြတဲ့ အာကာသသမားတွေကို သတ်ပစ်ခဲ့တဲ့ 2001: Space Odyssey ဇာတ်ကားရဲ့  Hal 9000 ဒါမှမဟုတ် မိမိရဲ့ သက်တမ်းကို တိုးစေချင်လို့ ကြိုးပမ်းနေတဲ့ Blade Runner ထဲက Roy Betty လိုမျိုးတွေပေါ့။ ဒီဇာတ်ကားထဲက Ava ဆိုသော AI ကတော့ ထိုကဲ့သို့သော မဟုတ်။ လက်တွေ့ ကျတဲ့ AI တစ်ခုနဲ့ ထိုအရာနဲ့ ပတ်သက်ပြီး ဇာတ်ကားရဲ့ ဇာတ်သိမ်းမှာ လူသားမျိုးနွယ်စုတွေရဲ့ အနာဂတ်ကံကြမ္မာတွေကို မေးခွန်းထုတ်ပေးခဲ့ပါတယ်။ လူသားတစ်ယောက် ဖြစ်လာခြင်းရဲ့ ရည်ရွယ်ချက်တွေက ဘာလဲ? ယောင်္ကျားဆိုတာ ဘာလဲ? မိန်းမဆိုတာရော ဘာလဲ? လူသားတစ်ယောက်တည်း ကမ္ဘာပေါ်မှာ အသက်ရှင်ကျန်ရစ်ပြီး အချစ် နှင့် သူ့ အတွက် လူသားအဖော်က လွဲရင် ကျန်တာအားလုံး မတောင်းမတ ပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ရမယ်ဆိုရင် ထိုလူသား ဘာဖြစ်မလဲ? ပြောရမယ်ဆိုရင် ဒီနှစ်ကြည့်ဖူးသမျှဇာတ်ကားတွေထဲမှာ အကြိုက်ဆုံးကားတွေဆိုရင် Birdman, The Imitation Game နဲ့ ဒီကားပဲ ကျွန်တော့်အတွက် ရှိပါသေးတယ်။ 3 ကားစလုံးရဲ့ ဇာတ်သိမ်းဟာ သူ့ အနေနဲ့ သူ ကောင်းမွန်ပေမဲ့ Birdman နဲ့ ဒီဇာတ်ကားရဲ့ ဇာတ်သိမ်းဟာ ကျွန်တော့် အကြိုက် Smart ဖြစ်တဲ့ ဇာတ်သိမ်းတွေပါပဲ။ မနှစ်က ကျွန်တော် Predestination ကို ခေါ်ခဲ့သလို ယခု Ex-Machina ကိုပြန်ခေါ်ရမယ်ဆိုရင်တော့ Movie with Brain ပေါ့ဗျာ။

Filesize : 791 MB
Quality : Bluray720p
Format :mp4
During : 1:34:03
Subtitle : Myanmar Subtitle ( Hardsub)
Encoder : LK


Download And Watch With PCloud Link

No comments:

Post a Comment

4.5.2015 မှ စတင်၍မှတ်တမ်းတင်ထားပါသည်။

Flag Counter