Wednesday, May 6, 2015

Focus (2015) မြန်မာစာတန်းထိုး

ဒီဇာတ်ကားမှာ နခ်ကီအဖြစ် အားလုံးသိပြီးဖြစ်တဲ့ လူမည်းမင်းသား ( WIll Smith ) နဲ့ ဂျက်စ်အဖြစ် The Wolf of Wall Street ဇာတ်ကားမှာ နာအိုမီ အဖြစ် နာမည်ရခဲ့တဲ့ အသက် ၂၅ သာရှိသေးတဲ့  သြစတေးလျမင်းသမီးချော( Margot Robbie) က ပါဝင်သရုပ်ဆောင်ထားပါတယ်။ 
ဇာတ်လမ်းမှာ Will Smith က Con-Man (လူလိမ်၊ အကြံအဖန်သမား) အဖြစ်နဲ့ သရုပ်ဆောင်ထားပြီး၊

မင်းသမီး Margot Robbie နဲ့ ဇာတ်လမ်းအစမှ စတွေ့ပါတယ်။ Robbie က လည်း အကြံအဖန်လုပ်စားနေတာဖြစ်ပြီး Will Smith က သိသိကြီးနဲ့ အလိမ်ခံပြီးမှ သူမရဲ့ ဟာကွက်တွေကို ထောက်ပြ သင်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် မှာ သူတို့နှစ်ယောက် ထပ်ဆုံပြီး ဒီတစ်ခါမှာတော့ Will Smith က Super Bowl လာကြည့်မယ့် လူတွေကို ခါးပိုက်နှိုက်၊ လိမ်လည် ဖို့ လုပ်နေပြီး သူတို့ အဖွဲထဲမှာ ပါဖို့ Margot Robbie က တောင်းဆိုရာက သူမကို ပါဝင်စေပြီး ပညာသင်ပေးပါတယ်။ ဒါပေမယ့် မထင်မှတ်ပဲ Will Smith က သူမကို တကယ်စိတ်ဝင်စားသွားရာက နေ Con လည်းပြီးရော မဖြစ်မနေ လမ်းခွဲခဲ့ရပါတယ်။
နောက် သုံးနှစ်ကြာပြီးတဲ့နောက် Will Smith က အာဂျင်တီးနားမြို့တော် ( Buenos Aires) မှာ ပြိုင်ကားမောင်းတဲ့အသင်းပိုင်ရှင် သန်းကြွယ်သူဌေး ဂါရီဂါ (Garriga) ဆီက အလုပ်လက်ခံထားတဲ့အချိန်ဖြစ်ပါတယ်။  ဂါရီဂါက သူ့အသင်း ချန်ပီယံဖြစ်ဖို့အတွက် မက်ခ်အီဝင် ( McEwen) အသင်းကို အနိုင်ရချင်နေသူဖြစ်ပါတယ်။ Will Smith ရဲ့ အလုပ်ကတော့ ဂါရီဂါအသင်းမှာ စက်ပြင်ဆရာအဖြစ်ဟန်ဆောင်ပြီး ဂါရီဂါကို မကျေနပ်တဲ့အတွက် မက်ခ်အီဝင်အသင်းကို ကူညီဟန်ဆောင်ကာ မက်ခ်အီဝင်အသင်းထံ အရည်အသွေးညံ့တဲ့ ကားပစ္စည်းအတုများကို ရောင်းနိုင်ဖို့ဖြစ်ပါတယ်။ ပြိုင်ပွဲအကြို ဂုဏ်ပြုပွဲပါတီမှာတော့ Margot Robbie ကို ဂါရီဂါရဲ့ရည်းစားအဖြစ်နဲ့ ပြန်တွေ့လိုက်ရတဲ့အခါ Will Smith စိတ်မထိန်းနိုင်ဖြစ်ခဲ့ရပါတယ်။
အဲ့ဒီနောက် Will Smith က Margot Robbie ကို ပြန်သိမ်းသွင်းဖို့ကြိုးစားရင်း သူတို့နှစ်ယောက်ရဲ့ အချစ်ရေးကလည်း ပြန်အဆင်ပြေလာခဲ့ပေမယ့် ဂါရီဂါရဲ့ လုံခြုံရေးအရာရှိက သူတို့အပေါ်သံသယ၀င်လာတဲ့အခါ .....။
အသက် ၁၈ နှစ်အောက်မကြည့်ရသတ်မှတ်ထားတဲ့ Rating R အဆင့်ရှိတဲ့ ဒီဇာတ်ကားက IMDb Rating (6.7/10) ရရှိထားပါတယ်။
(Ref; by Movie Review FB Page and mmmovieguide.com)
ဇာတ်ကားက Bluray မထွက်သေးပါဘူး...ဒါကြောင့်လက်ရှိအကြည်ဆုံး HDrip Quality နဲ့ပဲတင်ပေးလိုက်ပါတယ်။

File size...999MB 
Quality...HD-Rip 720p
Format...mp4
Duration....01:44:36
Subtitle....Myanmar Subtitle (Hardsub)

Encoder Note....Chinese Sub Hardcoded
Encoder....Nyeinsaeya Aung

 
Download and Watch 720p HD

https://my.pcloud.com/publink/show?code=XZSlnXZLYtdtgaIfWRsctQnfgkXWF6U1wH7

channelmyanmar 

No comments:

Post a Comment

4.5.2015 မှ စတင်၍မှတ်တမ်းတင်ထားပါသည်။

Flag Counter